ကွန်ပျူတာတက္ကသိုလ်(ပင်လုံ) ပထမနှစ်သင်တန်းတွင် တက်ရောက်ပညာသင်ကြား နေသောကျောင်းသား/သူများ(၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်)အားလုံး ပညာသင်ထောက်ပံ့ကြေး(တစ်လ ၃၀၀၀၀/-ကျပ်ဖြင့် ၁၀ လ) (၁၅.၈.၂၀၂၀) ရက်နေ့ အထိနောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။ ပညာသင်ထောက်ပံ့ကြေးလျှောက်လွှာ ပုံစံအားကျောင်းသားရေးရာဌာတွွင် အခမဲ့ထုတ်ယူနိုင်ပါသည်။ မှတ်ချက်။ တက္ကသိုလ်ပညာကို သင်ကြားရန်အချက်အခဲရှိသူ၊ အခက်အခဲရှိသောအခြေအနေချင်းတူလျှင် ပညာတော်သူကိုဦးစားပေးပါမည်။ လျှောက်လွှာနှင့်အတူပူးတွဲတင်ပြရမည့်အချက်များမှာ- ၁။ လိုင်စင်ဓါတ်ပုံ(၃)ပုံ၊ မိသားစုဓါတ်ပုံနှင့်နေအိမ် ၂။မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ ၃။ပညာသင်ဆုလျှောက်ထားသော အခြားအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ ၄။ မိမိကိုယ်တိုင် ပညာသင်ထောက်ပံ့ကြေးလျှောက်ထားခြင်းအကြောင်း ရှင်းလင်းတင်ပြချက်(ကိုယ်တိုင်လက်ရေးဖြင့်) ၅။ ကျောင်းစာပြင်ပလှုပ်ရှားမှုနှင့် အောင်မြင်မှုများ(အထောက်အထားမိတ္တူ) ၆။ ဘဝရည်မှန်းချက်(ကိုယ်တိုင်လက်ရေးဖြ င့် ဖုန်းနံပါတ်၊ ၀၉-၄၂၁ ၂၂၄ ၂၉၉ သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။ လျှောက်လွှာများအား လူကိုယ်တိုင်ဖြစ်စေ ကားဂိတ်များမှတစ်ဆင့်ဖြစ်စေ လိပ်စာ၊ ဖုန်းနံပါတ်များ ပြည့်စုံစွာဖြင့် (၂၁.၈.၂၀၂၀)ရက်နေ့အရောက် ပေးပို့ရပါမည်။ ပေးပို့ရန်လိပ်စာ- သို့ ကျောင်းအုပ်ကြီး ကွန်ပျူတာတက္ကသိုလ်(ပင်လုံ) လွိုင်လင်မြို့၊ ရှမ်း/တောင် ဖုန်းနံပါတ်- ၀၉ ၄၂၁ ၂၂၄ ၂၉၉